ဖူဆယ်ကစားသမားတွေအတွက် အသင်းလိုက်ရော တစ်ဦးချင်းပါ ကစားပုံတိုးတက်စေမယ့် အကြံပြုချက် ၅ ချက်ကိုပြောပြချင်ပါတယ်…
http://gty.im/1193398752(1) ဘောလုံးဆီကို စုပြုံမသွားပါနဲ့
ကလေးတွေ ကန်သလို ဘောလုံးဆီကို နှစ်ယောက် သုံးယောက်ဝင်လုတာမျိုး ဖူဆယ်မှာ
လုပ်လို့မရပါဘူး… 5 A game ဖြစ်တာမို့လို့ ဂိုးသမားမပါ
လေးယောက်ချင်းတိုက်နေရတဲ့အခါ ပြိုင်ဖက်တစ်ယောက်တည်းကို
နှစ်ယောက်လောက်စုပြုံလုတဲ့အခါ marking လွတ်သွားပီး ပြိုင်ဖက်တစ်ယောက်ကို
လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပေးလိုက်သလိုပါပဲ… ကြည့်တဲ့သူတွေအတွက်လည်း
ကြည့်လို့မကောင်းပါဘူး…
(2) ကစားသမားပြောင်းလဲမှုနောက်မကျစေပါနဲ့
မကန်နိုင်တော့ပဲ ကွင်းထဲမှာ အလိုက်သင့်ကန်နေတာက အသင်းကို
ထိခိုက်ပါတယ်… ဖူဆယ် Stopwatch system 40 mins ကို အချိန်ပြည့် ကန်နိုင်တဲ့
Player ရှားပါတယ်… လူတိုင်း ကန်ချင်စိတ်ပြင်းပြကြတာချည်းပါပဲ… ဖူဆယ်မှာ
မောလို့ နားရမယ့်အချိန်မရှိပါဘူး… ကွင်းကြီးမှာက ဘောလုံးမရှိတဲ့အချိန်
အမောပြေနိုင်ပါသေးတယ်… ဖူဆယ်ဆိုတာ Nonstop ကစားရတာပါ… Weak နေတာကို
တခြားသူကို လူစားလဲပေးဖို့ တွန့်ဆုတ်နေရင်တော့ အသင်းကိုရော
ကိုယ့်ခြေစွမ်းကိုပါ ထိခိုက်ပါတယ်… မကစားနိုင်ရင် ထွက်ပေးလိုက်ပါ…
(3) Pass and Move
Nonstop game
လို့ ပြောထားပီးပါပီ… မရပ်မနား လှုပ်ရှားနေရတဲ့ အားကစားမှာ Move ကတော့
အချိန်ပြည့်လုပ်ရပါတယ်… ရှင်းရှင်းပြောရရင် လူပေးမကစားပဲ
တစ်ကိုယ်ကောင်းဆန်တတ်ရင် ဖူဆယ်မကစားပါနဲ့… နေရာမယူ မရွေ့ပဲ
ကျောက်တိုင်ကြီးလို သုံးပေပတ်လည်လမ်းလျှောက်တတ်တဲ့သူတွေလည်း
ဖူဆယ်မကစားပါနဲ့… Move ဆိုလို့လည်း တစ်ကွင်းလုံးကို ဂိုးတိုင်ပါမကျန်
လိမ်ခေါက်မနေနဲ့ဦး… ဘောလုံးကိုင်လွန်းတာက နာမယ့်အကွက်ပါ…
လိမ်ခေါက်တိုင်းမကောင်းပါဘူး…
(4) ကိုယ့်တာဝန်ကိုယ်သိပါ
ဖူဆယ်ဟာ နည်းစနစ်ကြွယ်လွန်းတဲ့ ကစားနည်းပါ… ဥပမာ 1-2-1 ကစားကွက်မှာ ရှေ့က 1
ကစားသူဟာ ဘောလုံးက အနောက်ရောက်နေလို့ ငါနဲ့မဆိုင်ဘူးလို့
ပေါ့ပေါ့ဆဆမလုပ်ပါနဲ့… ရှေ့တက်ပီး တစ်ဖက်အသင်း Counter attack လုပ်ရင်
နောက်မပြန်ဆင်းနိုင်တဲ့ (မဆင်းတဲ့) အသင်းဖော်တွေ့ဖူးပါသလား…
သင့်အသင်းမှာရော ရှိလား? လေးယောက် နဲ့ ငါးယောက် ဆော့ရသလိုပါပဲ…
ဘောလုံးရနေချိန်မှာ အားလုံးက တိုက်စစ်ပါ… ဘောလုံးဆုံးရှုံးထားချိန်မှာ
ခံစစ်ပါ… တာဝန်မသိတဲ့ ကစားဖော်တစ်ယောက်ပါတာက ကျန်တဲ့သူတွေကို
ပိုပင်ပန်းစေပါတယ်…
(5) ဖန်တီးပေးပါ
ဂိုးသွင်းရင်
နာမည်ကြီးမယ်ထင်လား? ဖူဆယ်လို ဂိုးရလွယ်တဲ့ ပြိုင်ပွဲမှာ
သင်ဂိုးသွင်းတိုင်း ချီးကျူးမယ်ထင်ရင်တော့ မှားမှာပါ… ဘယ်သူကောင်းလို့
ဂိုးတာ ဆိုတဲ့အသံကို ပရိတ်သတ်ကြားမှာ ကြားရပါ့လိမ့်မယ်…
ဂိုးသွင်းချင်စိတ်တစ်ခုတည်းနဲ့ မဖြစ်နိုင်တဲ့ အနေအထားကနေ ကန်နေမယ့်အစား
ကိုယ့်ကစားဖော်ကို ဖန်တီးပေးလိုက်တာ ကိုယ်လည်းနာမည်ရသလို ဂိုးသွားရင်
အသင်းအတွက်လည်း ကောင်းပါတယ်… ဖန်တီးပေးတဲ့အတွက်
ကိုယ့်အသင်းဖော်တွေကြားမှာလည်း အော် ဒီကောင်ကြီး ငါ့ကို ဖန်တီးပေးတယ်ဟ
ဂိုးသွင်းခွင့်ပေးတယ်ဟ ဆိုပီး ချစ်ကြည်ရင်းနှီးမှု ပိုတိုးလာစေပါတယ်…
ဒါတွေဟာ ကိုယ်ရော ကိုယ့်အသင်းပါ တိုးတက်စေနိုင်တဲ့ အကြုံပြုချက်သက်သက်ပါ… ဖူဆယ်ဟာ teamwork အရမ်းလိုပါတယ်… တစ်ယောက်ကောင်းထက် အသင်းလိုက် ညီညွတ်မှုက ပိုအရေးကြီးပါတယ်… ဖတ်ရှုပီး ကိုယ့်အသင်းမှာ ဒီလိုကစားသမားမျိုးတွေပါခဲ့ရင် သေချာရှင်းပြပါ… နားလည်အောင်ပြောပါ… စိတ်ဝမ်းမကွဲပါနဲ့… သင်ချစ်ရတဲ့ သင်ပြောင်းလဲစေချင်တဲ့ ဒီစာကိုဖတ်စေချင်တဲ့ သူငယ်ချင်းတွေကိုလည်း မန်းရှင်းခေါ်ပီး ပြောပြလိုက်ပါ… ဖူဆယ်ဟာ စည်းလုံးခြင်းနဲ့ ညီညွတ်ခြင်းတွေ ပေါင်းစည်းထားတဲ့ ကစားနည်းတစ်ခုပါ…
ကျေးဇူးတင်ပါတယ်
JD
Post a Comment